သီတင်းကျွတ်ကာလအတွင်း အထူးရထားခရီးစဉ်များပြေးဆွဲမည်
ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်များအတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် သီတင်းကျွတ်ကာလ အတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန် ရထားများအပြင် အထူးရထားများအား တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
အထက်တန်းလက်မှတ်အား (၃)ရက်ကြိုတင်၍၊ ရိုးရိုးတန်းလက်မှတ်အား (၁)ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပါသည်။